အခုခေတ်လူငယ်တွေမှာ အင်တာနက်ကို အပျော်သက်သက်သာသုံးကြပါတယ်။အများစုကိုပြောတာပါ ။ အဲဒါဟာ သူတို့ရဲ့ အပြစ်လို့လဲပြောလို့မရ ပါဘူး။ တကယ်က သူတို့စိတ်ဝင်စားတဲ့ အခြား သောအထောက်အကူပြုစေမယ့် ပညာရပ်တွေက အင်တာနက်မှာ လက်လှမ်းမမှီတာမျိုးဖြစ်နေ တာပါ။
သူတို့က လည်း ကြိုးစားမရှာဖွေတော့ပါဘူး။ တစ်နာရီ ၃၀၀ ၊၄၀၀ ပေးနေရတော့ သူတို့ကသေချာ တဲ့သူတို့အတွက်ပေးနိုင်တဲ့ အပျော်တမ်း ၀က်ဆိုက်တွေ ကိုသာသွားကြတာပါ။ ဒါကြောင့် လူငယ်တွေ ဗဟုသုတ ကြွယ်စေမယ့် စာပေတွေကို သူတို့လက်လှမ်းမှီအောင် လုပ်ပေးကြဖို့လိုအပ်နေပါပြီ။ ဒါကြောင့် ဒီလို မျိုး ဗဟုသုတရစေမယ့်အကြောင်းအရာတွေကို ရှာဖွေ တင်ပေးလိုက်ပါတယ်။
LCD screen တွေ မပေါ်ခင်က အားလုံး CRT (cathode ray tubes ) တွေကိုသာသုံးခဲ့ကြတာပါ။ အရင် သုံးခဲ့တဲ့ monitor အကြီး ကြီးတွေကို ပြောတာပါ။ အဲဒီ monitor တွေမှာ အားနည်းချက်တစ်ခုရှိတယ်ဗျ။ အဲဒါက တကယ်လို့ ကွန်ပျူတာကို မသုံးပဲ ဒီအတိုင်း ထားတာမျိုးပါ။အဲဒါဆို အထဲမှာ သုတ်ထားတဲ့ phosphorus အလွှာမှာ မသုံးပဲထားတဲ့ အချိန်မှာ ပေါ်တဲ့ ပုံရိပ်က ကြာလာတာနဲ့အမျှ ခပ်ရေးရေး ပေါ်လာတတ်တယ်။ အရာထင်သွားတဲ့သဘောပေါ့။

ဥပမာြေ့ပာရရင် သင်တို့ Game City လိုနေရာက ကစားတဲ့ Game စက်တွေမှာ အဲဒီလို tube တွေသုံးထားတာ တွေရှိပါတယ်။ တကယ်လို့ ဘယ်သူမှ မဆော့ရင် သူ့ screen ကလှုပ်မှာမဟုတ်ပါဘူး။ ဒါဆို အဲဒီပုံရိပ် ဟာအဲဒီ screen မှာ အချိန်ကြာမြင့်စွာ ပေါ်တဲ့အတွက် အဲဒီscreenမှာ အဲဒီပုံရိပ် ဟာအမြဲလိုလို ရေးရေးပေါ်နေပါတော့ တယ်။ အဲဒါကို ကာကွယ်ဖို့ ဘယ်သူမှ မဆော့တဲ့ အခါမှာ screen saver အဖြစ် တစ်ခုခုကို ပြပေးနေတာပါ။အဲဒါဟာ screen ကိုကာကွယ်ပြီးသားလဲ ဖြစ် ဆွဲဆောင်မှုလဲပိုရှိပါတယ်။အဲဒါကြောင့် နာမည်ကိုက screen saver လို့ခေါ်တာပါ။
ဒါပေမယ့် အခုခေတ်မှာ CRT တွေဟာပိုမို ကောင်မွန်လာပြီး အဲဒီလို ပြဿနာမပေါ်အောင် ထိ ကောင်လာကြပါ တယ်။ အခုဆို LCD တွေတောင်ပေါ်လာပါပြီ။ LCD မှာက phosphorus ကိုမသုံးထားတော့ ဒိလိုပြဿနာမျိုးမရှိပါဘူး။ ဒါပေမယ့် လူတွေဟာ screensaver ရဲ့ အလှအပကိုကြိုက်လာတဲ့အတွက် screen အတွက်မလိုသော်လည်း အလှအတွက်သုံးလာကြပါတယ်။
အခုဆို screensaver ကို သင့်ကွန်ပျူတာလုံခြုံရေးအတွက်လည်းသုံးနိုင်ပါတယ်။ အကယ်၍သင်ဟာ အရေးပေါ် ကိစ္စကြောင့် ကွန်ပျူတာကို ဒီအတိုင်းထားသွားရင် အခြားသူတစ်ယောက်က သင့်data တွေကို အလွယ်တကူယူသွားမှာပါ။screensaver သုံးထားမယ်ဆိုရင် သင်ထွက်သွားပြီး အချိန်တစ်ခုမှာ screensaver ကပေါ်လာပါမယ်။ အခြားတစ်ယောက်က ၀င်ရန်ကြိုးစားသောအခါ screensaver ပျောက်သွားပြီး login screen နဲ့ password တောင်မှာပါ။ သင်ကတော့ ကိုယ့် password ကိုသိတော့ ၀င်လို့ရတာပေါ့။
အခုလောက်ဆို screensaver ရဲ့သမိုင်းလေးသိလောက်ပါပြီ။ အလှသက်သက်အတွက်ပေါ်လာတာမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။